မြင်ခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မြင်းခြံ ဧပြီ ၁၀

မန္တလေးတိုင်းဒေသကြီးမြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဦးရဲမြင့်က မြင်းခြံမြို့အတွင်းရှိ ဝန်ထမ်းများ နယ်မြေကျော် ခရီးသွားမည်ဆိုပါက လုံခြုံရေး အထူးသတိပြုကြရန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီးထွန်းမြနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများက ဌာနအလိုက် ဆောင်ရွက်ကြ မည့် လုပ်ငန်းတာဝန်များအား အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကက နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)