သံတွဲ ဧပြီ ၁၀
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုး တိုးတက်ရှင်သန်နိုင်ရေးအတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကိုယမန်နေ့ နံနက်(၁၀)နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။ ထို့နောက် လှူဒါန်းပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကလှူဒါန်းသည့် စာအုပ် (၃၁၅)အုပ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ် စီးပွါးရေးရာဝန်ကြီးဦးစံရွှေမောင်၊ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးနေဝင်းအောင်တို့က ပေးအပ်လှူဒါန်းကြရာ သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီနာယက ဦးလှဟန်၊ ဒေါက်တာစိုးမြင့်နှင့် Book Club နာယက ဦးမြင့်စိုးတို့ကလက်ခံရယူခဲ့ကြ သည်။ ထို့နောက် ခရိုင်ဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်းက ကျေးဇူတင်စကားပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် စာကြည့်တိုက်ခန်းမ၊ အစည်းအဝေးခန်းမ၊ ကွန်ပျူတာသင်တန်းခန်းမနှင့် ပြည်တိုက်ငယ်တို့အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)