အိမ်မဲမြို့နယ် (Community Centre) ခန်းမတွင် အခြေခံစာစီစာကုံးရေးသားနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

အိမ်မဲ ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် အခြေခံစာစီစာကုံးရေးသားနည်းသင်တန်း (အခမဲ့) ကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က သင်တန်းဖွင့်အမှာစကားပြောကြားရာ၌ စာကြည့်တိုက်ကို အများပြည်သူဝင်ထွက်သွားလာနိုင်သည့် လူထု အခြေပြုဗဟိုဌာနဖြစ်လာစေရန်၊ အသိပညာအတတ်ပညာများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများကို စဥ်ဆက်မပြတ် ထိတွေနေစေရန် ကျောင်းသား/သူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်၊ စာထောက်- ၃ ဒေါ်အေးအေးမူ နှင့် ဆရာမ နန့်အိစံ တို့က သင်တန်းသား/ သူ (၂၀)ဦးကို အလယ်တန်းအဆင့် စာစီစာကုံးရေးသားရာတွင် ပါရှိရမည့်အချက်များ၊ မြန်မာစာဝေါဟာရကြွယ်ဝမှု၊ စာလုံးပေါင်းသတ်ပုံ အရေးကြီး ကြောင်းတို့ကို ယနေ့မှစ၍ (၃)ရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)