မင်္ဂလာတောင်ညွန့် ဧပြီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ငှားရမ်းပေးခဲ့သည်။
အဆိုပါ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက အပတ်စဉ်လှည့်လည် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ သုတ/ရသစာအုပ်များကို ငှားရမ်းသူဝန်ထမ်းများအား ရက်သတ္တပတ် ပြည့်ပါက စာအုပ်အသစ်များနှင့် လဲလှယ်ငှားရမ်း ပေးသွားမည်ဖြစ်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များအားစိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)