မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းဆောင်ရွက်

မရမ်းကုန်း ဧပြီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ကလေးသူငယ်များ‌နှင့် ပြည်သူများ၊ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး‌လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အမျိုးသမီးရေးရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ရီရီလွင်က ကလေးသူငယ်များ၏ ရပိုင်ခွင့်များ အပြည့်အဝရရှိစေရန်၊ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုပြည့်စုံကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်၊ လမ်းပေါ်နေကလေးများအပေါ် အဓမ္မအနိုင်ကျင့်စေခိုင်းခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းမှ ကာကွယ်ရန်နှင့် ဘဝလုံခြုံရေး၊ လမ်းပေါ်နေ ကလေးများလျော့နည်းပပျောက်စေရန်အတွက် ကလေးသူငယ်အခွင့်အရေးများနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများ၊ ကလေးအလုပ်သမားလျော့နည်းစေရန် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ကလေးများလုပ်သောအလုပ်နှင့် ကလေးသူငယ်အခွင့်အရေးများ၊ လုပ်ငန်းရှင်များအတွက် ကလေးသူငယ်အချက်အလက်များဆိုင်ရာ သိမှတ်ဖွယ်ရာများစသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟောပြော‌ဆွေးနွေခဲ့ကြောင်း သိရသည်။

ယဉ်မော် (ပြန်/ဆက်)