ဘားအံ ဧပြီ ၁၂
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဘာသာရေးအဆောက်အအုံနှင့် ဆွေမျိုးများနေအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်သည့် တိုက်ပွဲရှောင်ပြည်သူများကို ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဧပြီလ(၁၀)ရက်နေ့အထိ အိမ်ထောင်စုပေါင်း (၃၄၃၃)စုအတွက် ဆန်(၂၄)ပြည်အိတ် (၁၁၄၇)အိတ်နှင့် (၁၆)ပြည်၊ ဆီ (၁၇၂၁)ပိဿာနှင့် (၅၀) ကျပ်သား၊ ခေါက်ဆွဲခြောက် (၃၀)ထုပ်ပါ (၇၆၁)ဖာနှင့် (၂၀) ထုပ်၊ ကြက်ဥ(၁၄၀၀)လုံးကိုလည်းကောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှ အမှတ်(၁)ရပ်ကွက် ပြည်နယ်မိုးလုံလေလုံအားကစားရုံ၊ လှာကမြင်ကျေးရွာအုပ်စု မဲဘောင်မာန်အောင်မြင် ဘုန်းကြီးကျောင်း၊ လွန်းညကျေးရွာအုပ်စု ခနိမ်းဒိုတောင်နားကျောင်းတိုက်၊ တော်ပုံကျေးရွာ အုပ်စု ဇွဲကပင်လုမ္မနီ ဥယျာဉ်ဘုန်းတော်ကြီးကျောင်း၊ သာမညကျေးရွာအုပ်စု သာမညပအိုဝ်း အမျိုးသားကွင်း၊ ရဲသာကျေးရွာအုပ်စု ကျောက်ကလပ်ဘုန်းတော်ကြီးကျောင်းတို့တွင် အိမ်ထောင်စုပေါင်း (၂၂၇၄)စု၊ လူဦးရေ(၉၁၂၈) ဦးတို့အား ဧပြီလနှင့် မေလအတွက် ဆန် (မက်ထရစ်တန်) ၂၄၆.၄၅၆ တန်၊ ပဲ(မက်ထရစ်တန်) ၃၂.၈၆၂ တန်၊ ဆီ(မက်ထရစ်တန်) ၁၆.၄၃ တန်၊ ဆား(မက်ထရစ်တန်) ၂.၇၃၈ တန်၊ ကလေးအာဟာရမှုန့် (မက်ထရစ်တန်) ၃.၄၅ တန်နှင့် လူကြီးအာဟာရမှုန့် (မက်ထရစ်တန်) ၀.၄၉၈ တန်ရှိ စားနပ်ရိက္ခာများ ထောက်ပံ့ ပေးခဲ့ကြောင်း ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခရိုင်ပြန်/ဆက်