နာဂဒေသ လဟယ်မြို့တွင် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲကျင်းပ

လဟယ် ဧပြီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံ အားကစား သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေပိုင်း (၁၆)နာရီအချိန်က လဟယ်မြို့ မာလာတောင်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ် တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများအား နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ချီးမြှင့်သည်။

ထို့နောက် တက်ရောက်လာကြသော နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများက U-13 ၊ U-10 သင်တန်းတွင် ထူးချွန်ဆု ရရှိကြသော သင်တန်းသားများကို ဆုများအသီးသီး ချီးမြှင့်ကြပြီး မြို့နယ်အား/ကာ တာဝန်ခံ ဦးသုခသန့်မှ သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများအား ချီးမြှင့်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဥက္ကဋ္ဌနှင့် ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသားများ အမှတ်တရစုပေါင်း မှတ်တမ်းတင်ရိုက်ကူးခဲ့ကြောင်း သိရသည်။ သင်တန်းကို (၂၀-၄-၂၀၂၄)ရက်နေ့မှ (၁၁-၄-၂၀၂၄)ရက်နေ့အထိ သင်တန်းသား (၈၀)ဦးအား ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ စာပွဲတင်တင်းနစ်စသည့် အခြေခံအားကစားနည်းကို သင်တန်းနည်းပြ (၁၀)ဦးမှ သင်ကြားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)