ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ပန်းခင်းစီမံချက်-၃ ဖြင့် နိုင်ငံသားစိစစ်‌ရေးကတ်များ ပေးအပ်

ဒဂုံမြောက် ဧပြီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၅၁) ရပ်ကွက်၌ ပန်းခင်းစီမံချက်-၃ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံသားစိစစ်‌ရေးကတ်များ ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။

ပန်းခင်းစီမံချက်-၃ ဖြင့် နိုင်ငံသားစိစစ်‌ရေးကတ်များ ပေးအပ်ပွဲတွင် မြို့နယ်လူဝန်မှုကြီးကြပ်‌‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်ဇော်က နိုင်ငံသားတိုင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်‌ရေးကတ် ကိုင်ဆောင်ထားခြင်းဖြင့် နိုင်ငံသားတိုင်းရရှိမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး (၅၁) ရပ်ကွက်ရှိ ပြည်သူများအား နိုင်ငံသားကတ် (၆၃) ကတ်ကို လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

အဆိုပါ နိုင်ငံသားစိစစ်‌ရေးကတ်များပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးသန်းဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်လူဝန်မှုကြီးကြပ်‌‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ