အိမ်မဲမြို့နယ် Community Centre ခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁၂)နာရီအချိန်တွင် ကျင်းပခဲ့သည်။

မတည်ငွေကျပ် ၅၉၀၀ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုအား အတည်ပြုမိန့်ထုတ်ပေးရန် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ခွင့်ပြုပေး

ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပရာ  အဆိုပါ အစည်းအဝေးတွင် မတည်ငွေရင်းပမာဏ ကျပ် ၅၉၀၀ သန်းတန်ဖိုးရှိ ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် လူနေဆိုင်ခန်းနှင့် ဟိုက်ပါမားကတ် တည်ဆောက်ငှားရမ်းခြင်းလုပ်ငန်းကို အတည်ပြုမိန့်ထုတ်ပေးရန် ခွင့်ပြုပေးခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် (၁၃၈၅) ခုနှစ်၊ သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များ၊ စတုဒီသာလှူဒါန်းသည့်မဏ္ဍပ်များ၊ ဗဟိုမဏ္ဍပ်ဖျော်ဖြေပွဲများဖြင့် မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ မဟာဗန္ဓုလ(၁၃)လမ်းထိပ်နှင့် မင်းလမ်းမကြီးပေါ်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆီထွက်သီးနှံဇုံအလိုက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် နည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၉) နာရီက ဆီထွက်သီးနှံများ လျာထား ချက်ထက် အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းမွန်ရေးအတွက် အကောင်အထည်ဖော် ဆောက်ရွက်လျက်ရှိသော ၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက်သီးနှံ အထူးဇုံများ ဇုံအလိုက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကသာခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ် မြတ်နိုးသူများအသင်းတို့ ပူးပေါင်းကာ စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်၍ စာရေးဆရာ ဥဩ(ချယ်ရီမြေ) ရေးသားသည့် မျဉ်းတစ်ကြောင်းပေါ်မှာ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင် ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ခဲ့သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေး ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက်(၁၀)နာရီခွဲက အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကလေး(၃)မွှာ မွေးဖွားသည့် မိခင်အား အာဟာရမုန့်များ၊ ကလေးအသုံးအဆောင်များနှင့် အလှူငွေများ ထောက်ပံ့

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခက်ခက်အောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ချယ်ရီနိုင်လွင်နှင့် အသင်းဝင်များသည့် ယမန်နေ့ နံနက် (၁၀) နာရီက ကျောက်ဆည်ခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး ကလေးကုသဆောင်တွင် ကလေး(၃)မွှာ မွေးဖွားပြီး ဆေးဝါးကုသမှု ခံယူနေသည့် မိခင်အား အာဟာမုန့်များ၊ ကလေးအသုံးအဆောင်များနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်စုံချမ်းသာ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်အတွင်း ဖွဲ့စည်းထားသော ပြည့်စုံချမ်းသာ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းဝေး နှင့် လစ်လပ်နေသော အမှုဆောင်(၁)ဦး ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၁)နာရီက မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ငပုတောမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ ဆောက်လုပ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့နယ်တွင်  မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်၊ အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ် နှင့် 191 စတစ်ကာများ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်အတွင်းရှိ လူစည်ကားရာ နေရာများတွင် ခရိုင်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ ပြည်သူများအား မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့် သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်၊ အရေးပေါ် ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ်နှင့် 191 စတစ်ကာများကို ယမန်နေ့ နံနက်ပိုင်းတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to