ကယားပြည်နယ်ဝန်ကြီးချုပ် (၈၈) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနား တက်ရောက်
- Read more about ကယားပြည်နယ်ဝန်ကြီးချုပ် (၈၈) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနား တက်ရောက်
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီတို့မှ ကြီးမှူးကျင်းပသည့် (၈၈)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော် မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၊ လွိုင်ကော်နှစ်ခြင်းခရစ်ယာန် အသင်းတော် မှ သိက္ခာတော်ရဆရာတော် စောလားဘွယ်နေမူး၊ သိက္ခာတော်ရ ဆရာတော် စောအက်ဒွက်စိန်တို့က (၈၈)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။