စစ်ကိုင်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ အမျိုးသမီးများအား အကြမ်းဖက်မှုမှကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်း၊ ဇွန် ၁၅

စစ်ကိုင်းခရိုင်အမျိုးသမီးရေးရာအဖွဲ့မှဦးဆောင်၍ သက်ငယ်မုဒိမ်းနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေး၊လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် က‌လေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးအိကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးသိန်းဝင်းက သက်ငယ်မုဒိမ်းနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှကာကွယ်ရေးဥပဒေဆိုင်ရာများ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်းက လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့်ပတ်သတ်သည့်အကြောင်းအရာများနှင့် ခရိုင်ဥပဒေရုံး၊ ဦးစီးအရာရှိ ဒေါ်ခင်ကြည်ကြည်ရှင်က က‌လေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေရေးရာများအကြောင်းအရာများနှင့် ပတ်သတ်၍ဟောပြောခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသ ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)