ဝေါ ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ တရားမဝင် တင်သွင်းလာသည့် စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်းအမျိုးမျိုး၊ လူသုံးရန် မသင့်သောဆေးဝါးအမျိုးမျိုး၊ လူသုံးရန်မသင့်သည့်အလှကုန်ပစ္စည်းအမျိုးမျိုးနှင့် အင်ဂျင်ဝိုင်ဆီများအား ဖျက်စီးခြင်းကို ယနေ့နံနက်ပိုင်းက ညောင်ခါးရှည် အမြဲတမ်းစစ်ဆေး ဂိတ်ဝင်းအတွင်း၌ ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ ဖျက်စီးခြင်း အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး၊ အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသော်ရာဟိန်း၊ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်းတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဌေးနှင့် OSS ဌာနဆိုင်ရာများက တရားမဝင်တင်သွင်းလာသည့် စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်းအမျိုးမျိုး၊ လူသုံးရန်မသင့်သော ဆေးဝါးအမျိုးမျိုး၊ လူသုံးရန်မသင့်သည့် အလှကုန်ပစ္စည်းအမျိုးမျိုး၊ အင်ဂျင်ဝိုင်ဆီများနှင့်အမှုတွဲ (၂၈)မှု၏ ခန့်မှန်း တန်ဖိုးငွေကျပ် (၈၉၄၄၈၃၀၀၀)အား ဖျက်စီးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)