မအူပင် မေ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘက်စုံထူချွန် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမျြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်က ကြိုဆိုဂုဏ်ပြုချီးမြှင့်စကား ပြောကြားပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘက်စုံထူးချွန်လူရည်ချွန်မောင်မယ်များအား တာဝန်ရှိ သူများက ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြသည်။ ၎င်းနောက် ပညာခေတ်ကိုယ်ပိုင် အထက်တန်းကျောင်း ဒွါဒသမတန်း(Grade-12)မှ ဘက်စုံထူးချွန်လူရည်ချွန် မထက်ထက်အောင်က လူရည်ချွန်စခန်း အတွေ့အကြုံများနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လူရည်ချွန် မောင်မယ်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးခဲ့ကြသည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းယုမော်နှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ လူရည်ချွန်မောင်မယ်များနှင့် ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မအူပင်မြို့ဂုဏ်ဆောင် လူရည်ချွန်မောင်မယ် (၈)ဦးပေါ်ထွန်းခဲ့ကြောင်းမြို့နယ်ပညာ ရေးမှူးရုံးမှသိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)