မိုးညှင်း မေ ၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီက ခရိုင်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
ထိုသို့ ကျင်းပရာတွင် ၂၀၂၄ ခုနှစ်၊ မေလ(၅)ရက်တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးသန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်းများနှင့်အတူ မိသားစုဝင်များက ထီးလင်းကျောင်းတိုက်မှ ဆရာတော်ကြီးနှင့် သံဃာတော်များအား ပင့်ဖိတ်၍ ဩဝါဒကထာတရားတော်များ နာယူကြည်ညိုကြကာ အလှူငွေများနှင့်အတူ လှူဒါန်းမှုအစုအစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး နေ့ဆွမ်းကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဦးသောင်း