ထားဝယ်မြို့တွင် အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးကျင်းပ

ထားဝယ် မေ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂ဝ၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် သဘာပတိဒေါ်သန်းလဲ့က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဆွေက မိတ်ဆက်စကားပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်၏ လုပ်ငန်းအစီရင်ခံစာအားလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းအားလည်းကောင်း ဖတ်ကြားခဲ့ကြပြီး ဒါရိုက်တာအဖွဲ့၏လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းအား အတည်ပြုချက်ရယူကာ အသင်းသူ/အသင်းသားများ၏ အကြံပြုချက်ရယူသည်။

ဆက်လက်၍ သဘာပတိက စုဆောင်းငွေအများဆုံးဆုကိပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)