စစ်ကိုင်းမြို့တွင် အားကစားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

စစ်ကိုင်း မေ ၃

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF (အထက်မြန်မာပြည်ဇုန်) ပြည်နယ်/တိုင်းတာဝန်ခံ၊ စစ်ကိုင်းတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌအား မိတ်ဆက်ပွဲနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို မေ(၃)ရက်၊ နံနက်(၁၀)နာရီ က ပိုးတန်းရပ်ကွက်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က စစ်ကိုင်းတိုင်းဒေသကြီးအတွက် တိုင်းဒေသကြီးအတွက်ရော၊ ခရိုင်/မြို့နယ်များ အနေဖြင့်ရော အားကစားနည်းများအလိုက် စွမ်းစွမ်းတမံဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အားကစားဆပ်ကော် မတီများအနေဖြင့်လည်း အားကစားမျိုးစုံ အောင်မြင်ရေးအတွက် စည်းလုံးညီညွတ်စွာနဲ့ အကြံပြုဆွေးနွေးကြပြီး နိုင်ငံ့ဂုဏ်ဆောင်တဲ့ အားကစားသမားများ ဖြစ်လာအောင် အခြေခံပညာကျောင်းများမှာလည်း စနစ်တစ်ကျလေ့ကျင့်သင်ကြားပေးသွားကြစေလိုကြောင်း၊ လိုအပ်သည့်ပံ့ပိုးကူညီမှုများကိုလည်း အတက်နိုင်ဆုံး ဖြည်းဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားကာ စစ်ကိုင်းတိုင်းဒေသကြီး ဘော့လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အားကစားပြိုင်ပွဲများ ဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ဦးအေးကိုကိုက လက်ရှိ စစ်ကိုင်းခရိုင်အတွင်း အားကစားပြိုင်ပွဲများ ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အားကစားဆပ်ကော်မတီများအား အားကစားပစ္စည်းများနှင့် အားကစားဝတ်စုံများကို ပေးအပ်ခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး ဘက်စုံအားကစားနည်းများအလိုက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အသီးသီးအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင်(ပြန်/ဆက်)