ဗန်းမော် မေ ၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရှိ ကျောင်းသားကျောင်းသူလူငယ်များအား နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် ရှေးဦးသူနာပြုစုနည်း အတတ်ပညာကို လေ့လာတတ်မြောက်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီခွဲခန့်က ဗန်းမော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ရှေးဦးသူနာပြုစုနည်းအခြေခံ ( FIRST AID ) သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ကို ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်လှစ်ပွဲတွင် ဗန်းမော်မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ထုလွမ်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် အမှာစကားပြောကြားပြီး ကြက်ခြေနီအသင်းခွဲ ဒု-ဥက္က ဦးသန်းထွန်းဇော်က အခြေခံရှေးဦးပြုစုနည်းသင်တန်းနှင့်ပက်သက်၍ လိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။
သင်တန်းနည်းပြများအဖြစ် ဒေါ်ခိုင်မာဦး (တပ်ဖွဲ့မှူး၊မံစီမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)၊ ဦးထွယ်ဆန်အောင်(တပ်ခွဲမှူး၊ မိုးမောက်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့)၊ ဦးလှထွန်းအေး (ဒု-တပ်ခွဲမှူး ဗန်းမော်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့)နှင့် ဒေါ်ပိုးအိစံ(ဒု-တပ်ခွဲမှူး (ရုံး) ဗန်းမော်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့)တို့က စာတွေ့လက်တွေ့များကို မေလ (၄) ရက်နေ့မှ (၈) ရက်နေ့အထိ (၅) ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ မြို့ပေါ်ကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူပေါင်း (၁၀၀)ဦး တက်ရောက်ကြကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်