မော်လမြိုင် မေ ၄
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေဂါလန် ၃၄၆၀၀ ကို မော်လမြိုင်မြို့နယ်ရှိ ရေရှားပါးသည့် နေရာများတွင် လှူဒါန်းခဲ့ကြောင်း၊ သိရသည်။
ထိုသို့ လှူဒါန်းရာတွင် မော်လမြိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ယုနှင့်အဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးကျော်သူ ဦးဆောင်၍ သန္ဓေနှင့်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက မီးသတ်ရေသယ်ယာဉ်၊ မီးငြိမ်းသတ်ယာဉ်တို့ဖြင့် လှိုင်ရပ်ကွက်၊ ရွှေပြည်အေးရပ်ကွက်၊ မော်လမြိုင်အကျဉ်းထောင်၊ မြန်မာ့စီးပွားရေးဘဏ်(၂)၊ ရွှေမြိုင်သီရိရပ်ကွက်၊ သာဿနာ့ ၂၅၀၀ ဘုန်းတော်ကြီးကျောင်း၊ တောင်ပေါ်တန်းရပ်ကွက်တို့၌ စုစုပေါင်းရေဂါလန် ၃၄၆၀၀ ကို သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)