နမ့်စန်တွင်  မဟာသင်္ကြန်ပွဲတော် ယိမ်းအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် မဟာသင်္ကြန် ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ယိမ်းအကပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို သင်္ကြန်အတက်နေ့ ယမန်နေ့ည ၈ နာရီချိန်၌ အမှတ်(၂) ရပ်ကွက် မြို့နယ်ခန်းမရှေ့ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့ရာ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ခရိုင်အဆင့်ဌာနအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ကြို့ပင်ကောက်မြို့၌ မဟာသင်္ကြန်အတက်နေ့ ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အတက်နေ့ ဧပြီလ ၁၆ ရက်နေ့ ညနေ(၄)နာရီတွင် မဟာသင်္ကြန်ပွဲ‌တော်ပိတ်ပွဲနှင့် သင်္ကြန်ယိမ်းအက ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်ပြည်ကားလမ်းဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်ဗျူဟာရေကစားမဏ္ဍပ်၌ မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကျင်းပ

မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ စစ်ဗျူဟာတပ်နယ် ရေကစား မဏ္ဍပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့စတင်ဖွင့်လှစ်ကျင်းပခဲ့ပြီး ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို အမှတ်(၃)ရပ်ကွက်ရှိ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် မြန့်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲ တော်ဗဟိုမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီက အမှတ်(၈) ရပ်ကွက် ခရိုင်ခန်းမရှေ့ ဗဟိုမဏ္ဍပ် တွင် ကျင်းပခဲ့ရာ ခရိုင် /မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ယိမ်းအဖွဲ့(၁၁)ဖွဲ့၊ ရေကစားသူများ တက်ရောက်ကြသည်။

မိုင်းတုံမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ည‌နေပိုင်းက ပန်းခြံထောင့်တွင် ပြုလုပ်ထားသော ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။

ပုဇွန်တောင်မြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ကို ပျော်ရွင်စွာဆင်နွဲပြီး ရေကစားမဏ္ဍပ်အား စည်ကားသိုက်မြိုက်စွာ ပိတ်သိမ်း

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်(အတက်နေ့)ကို နံနက် ၉ နာရီအချိန်မှစတင်၍ ပုဇွန်တောင်မိသားစု ရိုးရာရေကစားမဏ္ဍပ်တွင် ယိမ်းအကအလှများ၊ Dancer ကပြဖျော်ဖြေမှုများ၊ တေးသီချင်းများအပြင် DJ အတီးအကအလှများဖြင့် မဟာသင်္ကြန်ပွဲတော် အတာရေကစားခြင်းကို ပျော်ရွှင်စွာ ဆက်လက်ဆင်နွှဲပြီး ရေကစားမဏ္ဍပ်ကို ညနေ ၆ နာရီတွင် စည်ကားသိုက်မြိုက်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ သင်္ကြန်အတက်နေ့ ညနေ ၅ နာရီက ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ (၁၃၈၅)ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ပိတ်ပွဲအခမ်းအနား ကျင်းပ

(၁၃၈၅) ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို ဧပြီလ (၁၃)ရက်နေ့မှစ၍ မြန်မာနိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်တွင် အဆိုပါမဏ္ဍပ်ရှေ့၌ ကျင်းပ​ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ပိတ်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ခရစ်နှစ် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ပိတ်ပွဲကို ယနေ့ညနေ ၆ နာရီက အမှတ် (၃၇) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၊ မဝတလမ်းဆုံအနီးရှိ မြန်မာ့ရိုးရာယဉ်‌ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပခဲ့သည်။
Subscribe to