ညောင်တုန်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ

ညောင်တုန်း ဧပြီ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့စတင်ဖွင့်လှစ်ကျင်းပခဲ့ပြီး ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို အမှတ်(၃)ရပ်ကွက်ရှိ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်စိုးက မဟာသင်္ကြန်ပွဲတော်တွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည်စုံပြီး ဘေးဥပါဒ်အန္တရာယ်များ ကင်းစင်လွင့်ပျောက်ပါစေကြောင်းနှင့် မဟာသင်္ကြန်ပွဲတော်‌ အောင်မြင်စွာကျင်းပနိုင်ရန် ဝိုင်းဝန်းကူညီပေးပါသော တာဝန်ရှိသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မဟာသင်္ကြန်ပွဲတော်‌တွင် ပါဝင်ကူညီဖျော်ဖြေပေးခဲ့သော အဆိုရှင်များနှင့် ယိမ်းအကအဖွဲ့တို့အား အမှတ်တရလက်ဆောင်နှင့် ဆုများချီးမြှင့်ပေးခဲ့ကြပြီး မြို့နယ်ယိမ်းအဖွဲ့များမှ “မန်းတောင်ရိပ်ခို”သီချင်းဖြင့် ကပြဖျော်ဖြေ၍ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ ယဥ်ကျေးမှုမဟာသင်္ကြန်ပွဲ‌တော် အောင်မြင်စွာ ပြီး‌မြောက်ခဲ့ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)