စစ်ကိုင်းမြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းမြို့တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ဧပြီ(၁၆) ရက်၊ ညနေ (၅) နာရီက ဧရာဝတီကမ်းနားလမ်း (ဆက်သွယ်ရေးတာဝါတိုင်အနီး) မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်

၁၃၈၅ခုနှစ် မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန် အတာရေသဘင်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့၌ သင်္ကြန်ချစ်သူပြည်သူများ စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ရာ ယနေ့မဟာသင်္ကြန်အတက်နေ့တွင် နံနက်ပိုင်းမှ ညနေပိုင်းအထိ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင်လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် Royal Apex မဏ္ဍပ်တို့တွင် ယိမ်းအဖွဲများ၏ အကအလှများ၊ တိုင်းရင်းသားရိုးရာ ယဥ်ကျေးမှုအကအဖွဲ့များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံးနှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့မှ အနုပညာရှင်များက မြူးကြွသောတေးသီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ မဟာသင်္ကြန်နောက်ဆုံးရက် အတာရေသဘင်ဆင်နွှဲကြသူ သင်္ကြန်ချစ်သူ ပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။

မင်းဘူးမြို့၌ မဟာသင်္ကြန်ပိတ်ပွဲနှင့် ယိမ်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနားနှင့် ယိမ်းပြိုင်ပွဲ ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ည ၇ နာရီအချိန်က မင်းပူးဦးဩဘာသမြို့နယ်ခန်းမရှေ့ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ် ပိတ်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၃)ရပ်ကွက် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့၌ ရိုးရာအစဥ်အလာမပျက် နှစ်စဥ် မိုးကြိုပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ရိုးရာအစဥ်အလာမပျက် နှစ်စဥ်မိုးကြိုပွဲကို မြန်မာ့ရိုးရာအတာသင်္ကြန်အတက်နေ့ ယမန်နေ့ ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ် ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနား ကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မိုင်းဆတ်မြို့ ဗဟိုမဏ္ဍပ် မြန်မာ့ရိုးရာမဟာသင်္ကြန်ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့(သင်္ကြန်အတက်နေ့) ညနေ (၅)နာရီတွင် မယ်ဆွမ်မြောက်ရပ်ကွက်၊ ဝမ်ကျောင်းရပ်ရှိ (လိမ္မော်သီးလမ်းဆုံ) ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။

ကျောက်ဖြူမြို့တွင် ၁၃၈၅ ခု၊ မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၅ ခု၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၆) နာရီက ကျောက်ဖြူမြို့၊ အစိုးရပ်ကွက်၊ ဗျူးပွိုင့်အနီး မဏ္ဍပ်နေရာ၌ ကျင်းပပြုလုပ်သည်။

ပြည်မြို့၌ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် ဧပြီလ ၁၃ ရက်နေ့က စတင်ကျင်းပခဲ့သော မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသကြင်္န်ပွဲတော်ပိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပြည်မြိုဗဟိုရေကစားမဏ္ဍပ်၌ ကျင်းပခဲ့သည်။

ထန်းတပင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကျင်းပ

မြန်မာ့သက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုမဏ္ဍပ်‌ပိတ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်ရှိ ကုမုဒြာပန်းခြံရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

မှော်ဘီမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင် မှော်ဘီမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ခရစ်သက္ကရာဇ် ၂၀၂၄ ခုနှစ် ယမန်နေ့ ညနေ ၄ နာရီက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို ရန်ကုန်-ပြည်လမ်းရှိ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
Subscribe to