စစ်ဗျူဟာရေကစားမဏ္ဍပ်၌ မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကျင်းပ

ကွန်ဟိန်း ဧပြီ ၁၇

မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ကူးပြောင်းမည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခန့်က ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ စစ်ဗျူဟာတပ်နယ် ရေကစား မဏ္ဍပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ဟိန်းတပ်နယ်ရေကစားမဏ္ဍပ်ပိတ်ပွဲကို ကွန်ဟိန်းတပ်နယ်မှ ယိမ်းအဖွဲ့များက မန်းတောင်ရိပ်ခိုသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဖိတ်ကြားထားသော ဧည့်သည်တော်များက သင်္ကြန်သီချင်းများဖြင့် ချီးမြှင့်ပေးပြီး ဖျော်ဖြေရေး ယိမ်းအကအဖွဲ့များက ဆက်လက်ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)