ကြို့ပင်ကောက်မြို့၌ မဟာသင်္ကြန်အတက်နေ့ ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကြို့ပင်ကောက် ဧပြီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အတက်နေ့ ဧပြီလ ၁၆ ရက်နေ့ ညနေ(၄)နာရီတွင် မဟာသင်္ကြန်ပွဲ‌တော်ပိတ်ပွဲနှင့် သင်္ကြန်ယိမ်းအက ဆုချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်ပြည်ကားလမ်းဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကြို့ပင်ကောက်မြို့နယ် မဟာသင်္ကြန်ပွဲ တော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲနှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကားပြောကြာ၍ သင်္ကြန်ယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြ‌သော ယိမ်းအဖွဲ့ များအား တာဝန်ရှိသူများနှင့်အတူ ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြရာ အဆိုပါယိမ်းအဖွဲ့များမှ မန်းတောင်ရိပ်ခိုသီချင်းဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသည်။

ကြို့ပင်ကောက်မြို့တွင် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို သင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး၏ ဦး‌ဆောင်မှုဖြင့် ဌာနဆိုင်ရာအကြီး အကဲများနှင့် ဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များက ဒေသခံပြည်သူများအတူ ပူးပေါင်းပြီး ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့ထိ အေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြာင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)