ကလေးအကျဥ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွှတ်ငြိမ်းချမ်းသာခွင့်အမှတ် (၃၀/၂၀၂၄)ဖြင့်အကျဥ်းသား/အကျဉ်းသူ (၃၃) ဦးလွှတ်ပေး

ကလေး ဧပြီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် အကျဉ်းဦးစီးဌာန၊ ကလေးအကျဥ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏(၁၇-၄-၂၀၂၄) ရက်စွဲပါ အမိန့်အမှတ် ( ၃၀/၂၀၂၄ )၊ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) အရ အကျဥ်းသားအမျိုးသား(၃၁)ဦး၊ အမျိုးသမီး (၂)ဦး စုစုပေါင်း(၃၃)ဦး လွှတ်ငြိမ်းသက်သာခွင့်ပေးခြင်းကို ၁၂ နာရီ ၃၀ မိနစ်အချိန်က  အဆိုပါ အကျဥ်းဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌လှစိုးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးကြည်ဝင်းတို့က လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ကြသည့် အကျဥ်းသားများအား ဆုံးမသြဝါဒစကား ပြောကြားခဲ့သည်။

ထို့နောက် ကလေးအကျဥ်းထောင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦး‌အောင်မိုးဝင်းက  အမှာစကားပြောကြားပြီး လွှတ်ငြိမ်းချမ်းသာခွင့်ရရှိသူများအား ထောင်လွတ်လက်မှတ်နှင့် စားစရိတ်၊ ခရီးစရိတ်များကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်းသိသည်။

ခရိုင် (ပြန်/ဆက်)