ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေး

ခရမ်း ဧပြီ ၂၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ် ၂၁ ရက်တွင် ထုတ်ပေးသော်လည်းယခုလတွင် သင်္ကြန်ပိတ်ရက်များဖြင့် တိုက်ဆိုင်သဖြင့် ယမန်နေ့နံနက် ၇ နာရီအချိန်မှစတင်ကာ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း အဆိုပါမြန်မာ့စီးရေးဘဏ်မှ သိရသည်။

ခရမ်းမြို့နယ်အတွင်းရှိ (အငြိမ်းစား) ဝန်ထမ်းများကို ပင်စင်လစာငွေ လာရောက်ထုတ်ယူသူများ၊ ပင်စင်စား (ကိုယ်စား) ထုတ်လိုသူ မိဘပြည်သူများအနေဖြင့် မိမိတို့အဆင်ပြေသည့် နေရက်များတွင် လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ကိုယ်စားလှယ်ဖြင့်ထုတ်ယူလိုပါက လိုအပ်သည့်အထောက်အထားများဖြင့် ထုတ်ယူနိုင်ကြောင်း သိရသည်။

ခရမ်းမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်း (၁၆၅၂) ဦးရှိပြီး ပင်စင်စားများ အဆင်ပြေစေရေး အတွက် လစဉ် ၂၁ ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းမှ စတင်ထုတ်ပေးလျက်ရှိရာ တစ်နေ့လျှင် အငြိမ်းစားပင်စင် ထုတ်ယူသူ (၃၅၀) ဦးခန့်ရှိပြီး နောက်ရက်များတွင်လည်း ကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

ကိုမင်း (ခရမ်း)