နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးနိုင်ရန် မြို့မပျိုးဥယျာဉ်၌ ပျိုးပင်ပေါင်း (၉၃၄၀၀) ပင်ပျိုးထောင်ထားရှိ

နတ်မောက် ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနက ကျေးရွာသုံးစိုက်ခင်းများ၊ တစ်အုပ်တစ်မ စိုက်ခင်းများနှင့် ကျေးရွာတစ်ရွာလျှင် (၂) ဧကစိုက်ပျိုးနိုင်ရေး ပြည်သူကိုဗဟိုပြု၍ မိုးရာသီ သစ်မျိုးစုံ စိုက်ပျိုးနိုင်ရန်နှင့်   မိုးရာသီစိုက်ပျိုးပွဲတော်တွင် ပြည်သူလူထု၊ ဌာနဆိုင်ရာများနှင့် တပ်ရင်းတပ်ဖွဲ့များ စိုက်ပျိုးနိုင်ရန် အခမဲ့ဖြန့်ဝေပေးနိုင်စေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်များအား ပြုစုပျိုးထောင်းထားရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ နှစ်စဉ်ပျိုးပင်များ ပျိုးထောင်ထားရှိပြီး မြို့နယ်အတွင်း စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်လျက်ရှိရာ ဒေသအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတု ကောင်းမွန်မျှတစေရေး၊ ဒေသခံပြည်သူများမှ စိုက်ပျိုးလိုသည့်နေရာများတွင် စိုက်ပျိုးနိုင်ကြစေရန်  မြို့မပျိုးဥယျာဉ်တွင် ယူကလစ်၊ ယင်းမာ၊ စိန်ပန်းကြီး၊ ဆီသပြေ၊ ပိတောက်ပျိုးပင်များ ပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်သည်။

နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ကျေးရွာသုံးထင်းစိုက်ခင်း ဧက(၂၀) အတွက် ပျိုးပင်ပေါင်း (၂၄၂၀၀) ပင်အား စိုက်ပျိုးထားရှိပြီး ဝန်ထမ်းများမှ အပင်များ ရှင်သန်ကြီးထွားစေရန် ရေလောင်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ သဘာဝမြေဩဇာထည့်ပေးခြင်း၊ လေဝင်လေထွက်ကောင်းမွန် စေနေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း  မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။

လှဝင်း