လိပ်သိုဒေသတွင် Robusta ကော်ဖီစေ့ တစ်ပိဿာလျှင် (၁၇၀၀ဝိ/-) ကျပ်အထိ ဈေးကောင်းရရှိ

လိပ်သို  ဧပြီ  ၂၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် အဓိကအားထား စိုက်ပျိုးသော နှစ်ရှည်ပင်များအနက် Robusta ကော်ဖီစေ့များ ဒေသအခေါ် ကော်ဖီအသေးများမှာ ယခုနှစ်နွေရာသီကာလတွင် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

ယခင်လက ဒေသထွက် ရိုဘတ်စတာကော်ဖီစေ့တစ်ပိဿာလျှင် (၁၄၅၀ဝိ/-) ကျပ်အထိသာ ဈေးရရှိခဲ့ပြီး ယခုလတွင် ကော်ဖီစေ့တစ်ပိဿာလျှင် (၁၇၀၀ဝိ/-)ကျပ်အထိ ဈေးရရှိလာသဖြင့် စိုက်ပျိုးရောင်းချသူတောင်သူများနှင့် သိုလှောင်ရောင်းဝယ်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရိုဘတ်စတာကော်ဖီစေ့များ ဈေးကောင်းရရှိလာသဖြင့် ဒေသခံတောင်သူများမှာလာမည့် မိုးဉီးကာလကော်ဖီစိုက်ရာသီတွင် ပိုမိုတိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိသည်။ လိပ်သိုဒေသသည် ရိုဘတ်စတာကော်ဖီပင်များအပြင် အာရေဗီးကား ကော်ဖီပင်များကိုလည်း စီးပွားဖြစ် စိုက်ပျိုး လုပ်ကိုင်လျက်ရှိနေကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)