နမ့်စန်(တ) ဧပြီ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လေကြောင်းလူငယ် အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၄) (နမ့်စန်သင်တန်းစခန်း)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက နမ့်စန်တပ်နယ်ခန်းမတွင် ကျင်းပခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တပ်မတော်အရာရှိများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနေပြည်သူ့စစ်အဖွဲ့များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက သင်တန်းဖွင့်မိန့်ခွန်းပြောကြား၍ သင်တန်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက လက်ခံရယူခဲ့သည်။
ဆက်လက်၍ ဌာနေပြည်သူ့စစ်အဖွဲ့မှ တာဝန်ရှိသူများနှင့် အလှူရှင်များကသင်တန်းအတွက် ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်ခဲ့ရာ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းကို (၁)လကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကွပ်ကဲမှု နယ်မြေအတွင်းရှိ မြို့နယ်များမှ သင်တန်းသား(၂၅)ဦး၊ သင်တန်းသူ(၂၅)ဦး၊ စုစုပေါင်း(၅၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)