ကြံခင်း ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကြီး၏ လုပ်ငန်းစဉ်များ ထိရောက်အောင်မြင်စေရန်၊ စေတနာ့လုပ်အားရှင်လူငယ်များ တိုးပွားစေရန်နှင့် ရှေးဦးပြုစုခြင်းပညာရပ် တိုးပွားစေရန်ရည်ရွယ်ပြီး ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂၀၂၄) သင်တန်းကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ (အ.ထ.က-၂)ကျောင်းခန်းမတွင် ဖွင့်လှစ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးကြည်စိုးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသရေးနှင့်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းနိုင်က အမှာစကားပြောကြားပြီးနောက်၊ ကြံခင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ ဒု-ဥက္ကဋ္ဌဒေါ်ခင်ခင်စန်းကရှေးဦးပြုစုခြင်း အခြေခံသင်တန်း ဖွင့်လှစ်ပို့ချပေးရခြင်း၏ ရည်ရွယ်ချက်နှင့်ပို့ချပေးမည့် ဘာသာရပ်ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
ထို့နောက် ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအတွက် ထောက်ပံ့ငွေများပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးကြည်စိုးကငွေကျပ်ငါးသောင်းနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးကိုကိုနိုင်က ငွေကျပ်သုံးသောင်းတို့အား သင်တန်းကြီးကြပ်မှူကော်မတီဥက္ကဋ္ဌဦးနေလင်းထံ ပေးအပ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးကြည်စိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးဦးပြည်သိမ်းကျော်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသရေးနှင့်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းနိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးကိုကိုနိုင်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒု-ဥက္ကဋ္ဌ ဒေါ်ခင်ခင်စန်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သင်တန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသား/သူ(၃၀)ဦး တက်ရောက်ကြကြောင်းနှင့် သင်တန်းကာလမှာ. ဧပြီလ(၂၂)ရက်နေ့မှ (၂၆)ရက်နေထိ ဖွင့်လှစ်ပို့ချသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)