ဖျာပုံမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဖျာပုံ ဧပြီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၁)နာရီက ဖျာပုံမြို့ နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ဖျာပုံ​​မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်အပေါ် (ဧပြီလမှမတ်လ) ဒေသန္တရ စီမံကိန်းဥပဒေတွင် ပါဝင်သည့် စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)နှင့် ငွေလုံး ငွေရင်းအသုံးစရိတ်အဖြစ် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို သတ်မှတ်ကာလ အပိုင်းအခြားအလိုက် လုပ်ငန်းပြီးစီးရေး၊ ငွေထုတ်ယူမှုပြီးစီးရေး၊ လုပ်ငန်းပြီးစီးမှုနှင့် ငွေထုတ်ယူမှု ပြီးစီးမှုကွာဟချက်မဖြစ်စေရေး တာဝန်ယူကြီးကြပ်ဆောင်ရွက်ပြီး အချိန်မီပြီးစီးရေး၊ လိုက်နာဆောင်ရွက်ဖို့လိုကြောင်း လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် ဖျာပုံမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းဝင် ဌာနဆိုင်ရာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းဦးစီးမှူးတို့က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းဝင် ဌာနအလိုက် စီမံကိန်းတာဝန်များအား အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)