ပန်းတနော်မြို့၌ အခြေခံကွန်ပျူတာသင်တန်း (၁/ ၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပန်းတနော် ဧပြီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာသင်တန်း အမှတ်စဥ် (၁/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများအချိန်ကိုအကျိုးရှိစွာ အသုံးချတတ် ရန်၊ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများကြွယ်ဝစေရေး အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်ပေးခဲ့ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နွေရာသီအခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ (၁/၂၀၂၄) တို့ရှိ သင်တန်းသား/သူ စုစုပေါင်း (၂၀)ဦးတို့အား တက်ရောက်လာကြသည့် တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)