မိုင်းရယ် ဧပြီ ၂၃
မိုင်းရယ်မြို့နယ် ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများကို ယနေ့နံနက် ၉ နာရီမှစ၍ ကျန်းမာ ရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးရာတွင် သူနာပြုဆရာမ၊ သားဖွား ဆရာမ စုစုပေါင်း (၇) ဦးဖြင့် ပင်စင်လစာများ လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများကို ကိုယ်အပူချိန်များတိုင်းခြင်း၊ သွေးပေါင်များ တိုင်းတာခြင်းနှင့် အခြားရောဂါလက္ခဏာများ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး အနာရောဂါများအလိုက် ဆေးများကို အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)