သံဖြူဇရပ်မြို၊ သန္တိသုခ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ လူငယ်အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြသ

သံဖြူဇရပ် ဧပြီ ၂၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား လူငယ်များအား လူငယ်အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက သံဖြူဇရပ်မြို့၊ သန္တိသုခဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်သည်။

လူငယ်အသိပညာပေး ဟောပြောပွဲကို နွေရာသီကျောင်းပိတ်ရက် ကျောင်းသားလူငယ်များ အ ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ သန္တိသုခဘုန်းတော်ကြီးကျောင်း ဆရာတော်ဘဒ္ဒ တသုနန္ဒ က ဦးစီးဖွင့်လှစ်သည့် အခြေခံ မွန်စာပေနှင့်ယဥ်ကျေးမှု သင်တန်းသို့ တက်ရောက်နေသည့် သင်တန်းသား ကျောင်းသား/ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ဟောပြောသည်။

ထို့နောက် ပြသထားသည့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေး၊ ယာဥ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးနံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို တက်ရောက်လာသည့် သင်တန်းသား/သင်တန်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)