ပေါက်ခေါင်းမြို့‌နယ် မီးသတ်တပ်ဖွဲ့မှ ရွာပြည်သူများအား သောက်သုံးရေများ သွားရောက်လှူဒါန်း

ပေါက်ခေါင်း ဧပြီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာအုပ်စု ဇီးကုန်းကျေးရွာရှိ  သောက်သုံးရေ အခက်အခဲဖြစ်သည့် ကျေးရွာပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက  ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ သွား‌ ရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးသူ‌အောင်၏ ဦးဆောင်မှုဖြင့် နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် နယ်‌မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်းကာ သောက်သုံးရေအခက်အခဲဖြစ်သည့်  ဇီးကုန်းကျေးရွာရှိ အိမ်ထောင်စု (၁၆၅)စုအတွက် သောက်သုံးရေဂါလံ (၁၆၀၀)ဆံ့ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများကို ကျေးရွာအရောက်  လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း သောက်သုံးရေအခက်အခဲရှိသည့် ကျေးရွာများသို့ သောက်သုံးရေများ လိုက်လံလှူဒါန်းပေးမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)