ပန်းတောင်း ဧပြီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယမန်နေ့နံနက် (၈:၀၀)နာရီအချိန်ကစတင်ကာ နိုင်ငံဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများအား ပုံမှန်အတိုင်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ လုပ်သက်ပြည့်ပင်စင်၊ နှစ်ပြည့်ပင်စင်၊ လျော့ပေါ့ပင်စင်၊ ဆေးပင်စင်စသည်တို့ကို လစဥ်ပင်စင်ထုတ်ရက်ကို ပုံမှန် ၂၁ ရက်မှ လကုန်ရက်ထိ သတ်မှတ်ကာ ဘဏ်ဖွင့်ချိန် နေ့စဥ်နံနက် (၈) နာရီမှ ညနေ (၃) နာရီအထိ စနစ်တကျ ထုတ်ပေးလျက်ရှိရာ အသက်အရွယ်ကြီးသူ အငြိမ်းစားဝန်ထမ်းများ၏ ကျန်းမာရေးအခြေအနေအရ အနားယူအပန်းဖြေနိုင်စေရန် ဘဏ်အနီးရှိ နားနေခန်းတွင် စနစ်တကျ ထားရှိပေးပြီး လိုအပ်သည့် အထောက်အထားများနှင့်အတူ အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)