ဘိုကလေး ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ (၄၅)ဝါနှင့်အထက် ဆရာတော်ကြီးများအား (တတိယအကြိမ်) ပူဇော်ပွဲကို ယနေ့ နံနက် (၈)နာရီအချိန်၌ ဘိုကလေးမြို့မ ဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် ကျင်းပဆောင်ရွက်ခဲ့သည်။
ပူဇော်ပွဲသို့ မြို့နယ်ဩဝါဒစရိယဆရာတော်ကြီးများ၊ ပူဇော်ခံတော်မူမည့် မြို့နယ်တွင်းမှ (၄၅)ဝါ နှင့်အထက် ဆရာတော်ကြီး(၅၄)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သာသနာ့ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြပြီး အခမ်းအနားအား မင်္ဂလာအခါတော် ကျမ်းလွှာဖတ်၍ နမောတဿ (၃)ကြိမ်ရွတ်ဆိုကာ ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ပူဇော်ပွဲသို့ တက်ရောက်လာကြသူများက မလော့ဆရာတော်ကြီးထံမှ ပရိတ်တရား တော်များနာယူခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ဆရာတော်ကြီးများအား သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်းတို့ ဆောင်ရွက်အပြီး၌ အပူဇော်ခံ (၄၅) ဝါနှင့် အထက် ဆရာတော်ကြီးများအား ပူဇော်ကန်တော့ခဲ့ကြသည်။
ပူဇော်ကန်တော့ရာ၌ (၁)ပါးလျှင် ဝတ္ထုငွေ(၃)သိန်း၊ ဆေးခြင်း(၁)ခြင်း၊ သင်္ကန်း(၁)စုံ၊ စုစုပေါင်းတန်ဖိုး(၄)သိန်းရှိ ကန်တော့ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် လှူဒါန်းမှုအပြီးတွင် ဇေယျာဘုံမြင့် ကျောင်းတိုက်ဆရာတော်ကြီးထံမှ အနုမောဒနာ ရေစက်ချတရားနာယူခဲ့ကြ ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)