မိုင်းယောင်း ဧပြီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု၊ ပါမန်းကျေးရွာ၌ စိုက်ပျိုးရေများကောင်းမွန်စွာရရှိစေရေးအတွက် ရေလွှဲဆည်တစ်ခု ဆောက်လုပ်သွားမည်ဖြစ်ရာ ယမန်နေ့တွင်တာဝန်ရှိသူများက ရေလွှဲဆည် ဆောက်လုပ်မည့်နေရာအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းမင်းအောင်၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှ ဦးစီးအရာရှိဦးစိုင်းအောင်ခမ်း၊ ပါမန်းကျေးရွာ တာဝန်ခံအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)