ဘုတ်ပြင်း ဧပြီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတန်းအလိုက် ကျောင်းတွင်းနှင့် ခရိုင်အဆင့်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီမှစ၍ သက်ဆိုင်ရာကျောင်းများတွင် ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါအောင်စာရင်းများထုတ်ပြန်ရာတွင် KG အတန်းမှစ၍ ဧကဒဿမတန်း (GRADE-11) အတန်းအထိကျောင်းတွင်းစစ်အတန်းတင် စာမေးပွဲများနှင့် GRADE-5 နှင့် GRADE-9 ခရိုင်အဆင့် စာမေးပွဲတို့တွင် အောင်မြင်ကြသည့်အတန်းလိုက်အောင်စာရင်းများကို ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ပုဂ္ဂလိကကျောင်းများ အပါအဝင် ကျောင်းပေါင်း (၁၀၀) ကျောင်းတွင် အတန်းတင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန် ပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများမှ လာရောက်ကြည့်ရှုလျက် ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)