ကျောက်ဆည်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် နှစ်ဆုံးစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ကျောက်ဆည် ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ နှစ်ဆုံးစာမေးပွဲအောင်စာရင်းများအား အခြေခံပညာကျောင်းအသီးသီးတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် KG တန်းတွင်(၅၃၂၈)ဦး၊ Grade-1 တန်းတွင်(၆၂၈၂)ဦး၊ Grade -2 တန်းတွင် (၇၃၃၄)ဦး၊ Grade-3 တန်းတွင် (၆၁၂၈)ဦး၊ Grade-4 တန်းတွင် (၄၄၈၇)ဦး၊ Grade-5 တန်းတွင် (၃၈၉၈)ဦး၊ Grade-6 တန်းတွင် (၃၀၉၂)ဦး၊ Grade-7 တန်းတွင် (၁၁၈၇)ဦး Grade-8 တန်းတွင် (၂၆၅၈)ဦး၊ Grade-9 တန်းတွင် (၂၁၂၅)ဦး၊ Grade-10 တန်းတွင်(၁၆၇၁)ဦး၊ Grade-11 တန်းတွင်(၁၄၈၇)ဦး အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း(၁၃၀)ကျောင်း၊ အခြေခံပညာမူလတန်း(လွန်)ကျောင်း(၂၅)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(၉)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၂)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၉)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(၁၁)ကျောင်းရှိကြောင်း သိရသည်။           

သက်မောင်(ကျောက်ဆည်)