ပဲခူး ဧပြီ ၂၇
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးခင်မောင်လွင် က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးရေးကဏ္ဍအတွက် ရည်မှန်းချက်ပြည့်မီရန်နှင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော မွေးမြူရေးကဏ္ဍများ၊ MSME လုပ်ငန်းများကိုလည်း ပိုမိုတိုးတက်ဖွံ့ဖြိုးရန် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင် က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တွင်ပါဝင်သော လယ်ယာကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်များကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးအားလည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်များကို လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးအားလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်များကို ခရိုင်ပညာရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းရည်မှန်းချက်များကို ပဲခူးခရိုင်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများအား တာဝန်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)