မလှိုင်မြို့နယ်၊ ကန်ဦးကျေးရွာမှ လေဘေးသင့်နေအိမ်သို့ ထောက်ပံ့ငွေနှင့်ပစ္စည်းများ သွားရောက်ပေးအပ်

မလှိုင် ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ပန်းအိုင်ကျေးရွာအုပ်စု၊ ကန်ဦးကျေးရွာတွင် ဧပြီလ ၂၄ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်၌ မိုးသက်လေပြင်းကျပြီး သစ်ပင်လဲ၍ နေအိမ်ပြိုကျခဲ့သော လေဘေးသင့်နေအိမ်သို့ ယမန်နေ့ညနေ (၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့်ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါနေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သီတာအေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်ဆုဝေမိုး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊  ပန်းအိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဘိုတင်နှင့် တာဝန်ရှိသူများက ကန်ဦးကျေးရွာနေ ဒေါ်ပေါကြည်၏ လေဘေးသင့်ပြိုကျပျက်စီးခဲ့သော နေအိမ်(၁)လုံးနှင့် အိမ်ထောင်စု(၁)စုမှ လူဦးရေ (၂)ဦးတို့အတွက် ဆန်ရိက္ခာနှင့်အိမ်ဆောက်ပစ္စည်းဝယ်ယူရန်အတွက် ငွေကျပ်(၁ဝ၄၂ဝဝ)၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ထောက်ပံ့ရေးပစ္စည်းပုံး(၁)ပုံး၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၁၅ဝ၂၃၆)ကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အောင်ဌေး(မလှိုင်)