မိုင်းယောင်း ဧပြီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စစ်ကြောင်းကြီး(၅)ကြောင်းသည် ယမန်နေ့နံနက် ၉ နာရီခွဲက မိုင်းယောင်းမြို့နယ် ဝမ်တပ်အုပ်စု၊ ဟွေထမ်ကျေးရွာ၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးအောင်နေထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဝမ်တပ်ကျေးရွာနှင့် ဟွေထမ်ကျေးရွာတို့မှ ရွာသူရွာသားတို့အား ကွင်းဆင်းတွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည်များကို ရှင်းလင်းဆွေးနွေးခြင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးနှင့် တောမီးမရှို့စေရေး၊ ဒေသဖွံ့ဖြိုးရေးစသည့်ကိစ္စရပ်များအား ချပြရှင်းလင်းခဲ့ကြပြီး ကျေးရွာမှတင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊၊
ထွန်းမြင့်လှိုင်(ပြန်/ဆက်)