ကျောင်းကုန်း ဧပြီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၌ လာမည့် မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သွေးလှူဒါန်းပွဲကို မြို့နယ်မီးသတ်ဦးစီမှူး ဦးတင်ဝင်းနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်တို့ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၄)ဦး၊ စုစုပေါင်း (၂၄) တို့ စုပေါင်း၍ သွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)