တောင်တွင်းကြီး ဧပြီ ၃၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး၊ တောင်တွင်းကြီးမြို့နယ် စီမံကိန်းဦးစီးမှူး ဒေါ်နွယ်နီချိုမှ တောင်တွင်းကြီးမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်းမှန်းချက်များအား ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် နိုင်ငံပိုင်အခန်းမှ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၏ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လယ်ယာကဏ္ဍ ကိုယ်စားပြု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ သားငါးကဏ္ဍကိုယ်စားပြု မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားကဏ္ဍ ကိုယ်စားပြု မြို့နယ်လျှပ်စစ်ဦးစီးဌာန၊ ဆောက်လုပ်မှုကဏ္ဍ ကိုယ်စားပြု မြို့နယ်လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများအား လုပ်ငန်းတာဝန်များကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)