ပုဗ္ဗသီရိ ဧပြီ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်၊ ဝေနေယျသုခဓမ္မာရုံ၌ ရပ်ကွက်နေပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးဟောပြောပွဲသို့ နေပြည်တော်တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုး၊ ပုဗ္ဗသီရိမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာသိမ့်သိမ့်ထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိန်ကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးသန်းငွေ၊ ဥတ္တရခရိုင် ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယခရိုင်မှူး ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ တပင်ရွှေထီးရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် နေပြည်တော်တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးမှ သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင်၊ နေအိမ်ပတ်ဝန်းကျင်များ သန့်ရှင်းရေးလုပ်ဆောင်ရန်၊ ခြင်နိုင်ဆေးရည်များ အသုံးပြုရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေး အထူးဂရုစိုက်သင့်ကြောင်းပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများမှ သွေးလွန်တုပ်ကွေးနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရပ်ကွက်အတွင်း နေအိမ်များရှိ ရေတွင်းရေကန်များတွင် ပိုးလောက်လန်းများ ကင်းစင်စေရန်(abate) ဆေးများ လိုက်လံထည့်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)