မိုးညှင်းမြို့၌ ခရိုင်အဆင့် (၂၀၂၄−၂၀၂၅) ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ

မိုးညှင်း ဧပြီ ၂၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၂၀၂၄−၂၀၂၅) ဘဏ္ဍာရေးနှစ် ခရိုင်အဆင့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ဧပြီ (၂၅) ရက် နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကားပြောကြာရာတွင် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဖွံဖြိုးရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် နည်းလမ်းများစွာဖြင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်များ၏ ယခုဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းကိုလည်း မြို့နယ်သာယာဝပြော ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို ရည်မှန်းချက်များထားရှိပြီး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဥ်များ၊ ဦးတည်ချက်များနှင့်အညီ လူမှုစီးပွားဖွံဖြိုးတိုးတက်မှု အထောက်အကူပြု လုပ်ငန်းစီမံကိန်းများကို ဦးစားပေးလျာထားပြီး ဖြစ်သည့်အတွက် ယခုဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဘက်ပေါင်းစုံမှ  ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌက မြို့နယ်အလိုက် ဒေသန္တရစီမံကိန်းများနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြုပ်နှံစီမံကိန်းများအား တာဝန်ပေးအပ်ရာတွင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများကိုလည်းကောင်း၊ နိုင်ငံပိုင်အခန်း ရင်းနှီးမြုပ်နှံမှုအစီအစဉ်များကို တာဝန်ပေးအပ်ရာတွင် ဌာနဆိုင်ရာများကိုယ်စား ခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးလင်းကိုလည်းကောင်း၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ရာတွင် ဌာနဆိုင်ရာများကိုယ်စား ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာကျော်စွာထွန်းကိုလည်း ကောင်း အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကိုသောင်း