ကြံခင်း ဧပြီ ၂၇
၂၀၂၃-၂၀၂၄ခုနှစ်၊ ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ အောင်စာရင်း များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန် လျက်ရှိရာ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် (၆)နာရီမှစ၍ ထုတ်ပြန် ပေးလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိအခြေခံပညာကျောင်း(၁၂၂)ကျောင်းနှင့် တွဲဘက်ဘုန်းတော်ကြီး စာသင်ကျောင်း(၂) ကျောင်းအပါအဝင် အခြေခံပညာကျောင်းပေါင်း(၁၂၄)ကျောင်း ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်းနှင့် အခြေခံပညာကျောင်း(၁၂၄)ကျောင်းတို့တွင် (KG)တန်းမှ(Grade-11) ထိကျောင်းတွင်း ဖြေဆိုအောင်မြင်သူ(၁၁၄၇၃) ဦးဖြစ်ပြီး၊ အောင်မဘင်မှုရာခိုင်နှုန်း (၉၆.၃၁) ရှိကြောင်း၊ အဆိုပါအောင်စာရင်းများကို အခြေခံပညာကျောင်းများတွင် ထုတ်ပြန်ကပ်ထား ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်၊ အဆိုပါအောင်စာရင်းများကို ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများကလာရောက်ကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)