မင်းဘူးမြို့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌနှင့်တာဝန်ရှိသူများ အ.ထ.က (ခွဲ) မြို့မကျောင်းတွင် ဖွင့်လှစ်လျက်ရှိသော ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာသင်တန်းအား ကြည့်ရှုအားပေး

မင်းဘူး ဧပြီ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အ.ထ.က (ခွဲ) မြို့မကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ၂၀၂၄ ခုနှစ် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာသင်တန်းများမှ သင်တန်းသား/ သင်တန်းသူများအား မြိုနယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ဇင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ အချိုရည်နှင့် ဗလာစာအုပ်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းများ သင်ကြားရာ၌ ကွန်ပျူတာသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး၊ ယဥ်ကျေးလိမ္မာသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးဖြစ်၍ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၇၀) ဦး၊ တက်ရောက်သင်ကြားလျက်ရှိကာ သင်တန်းနှစ်မျိုးစလုံးကို ၂၃-၄-၂၀၂၄ မှ ၂၉-၄-၂၀၂၄ ထိ ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပြီး၊ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် အခြေခံပညာကျောင်းများအနေဖြင့် ကျောင်းသား၊ ကျောင်းသူလေးများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဘာသာတရားကို နားလည်ယုံကြည်၍ တန်ဖိုးထားကာ လိမ္မာယဉ်ကျေးသော လူငယ်၊ လူရွယ်လေးများ ဖြစ်လာစေရန်နှင့် ကွန်ပျူတာ၏ အခြေခံသဘောတရားများကို သိရှိကာ ခေတ်မီနည်းပညာများကို ကောင်းကောင်းအသုံးပြုတတ်စေရန် ရည်ရွယ်၍ သင်တန်းများဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တူးထံမှ သိရသည်။

ဇေယျာထက်