မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ စာသင်ကျောင်းများ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအား‌ပေး

မော်လမြိုင် ဧပြီ ၂၇

မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစို​ပြေ​သော အ​ခြေခံပညာစာသင်​ကျောင်းများအား ​ဖော်ဆောင်ပြီး ကျောင်းသူ၊ ​ကျောင်းသားများ စိတ်​အေးချမ်း​မြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အ​လေးထား​ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငန်းတေး အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျောင်းဝင်းအတွင်း ဘေးပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ်နှင့် ကိုက်ညီမှုရှိစေရေးနှင့် ဥပတိရုပ် ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ပေးကြရန်၊ ကျောင်းစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေး ဆောင်ရွက်ရန်၊ ကျောင်းအကျိုးပြုလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားကာ တာဝန်ရှိများနှင့် ​တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အ​ခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိသည်။

မွန်ပြည်နယ်အတွင်း ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်သည် ​မော်လမြိုင်မြို့၊ ငန်းတေး အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး၏ ကဏ္ဍတစ်ခုဖြစ်သည့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ စာသင်ဝိုင်းများတွင် စာသင်သားများ သင်ကြားနေမှုများကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် စာသင်ဝိုင်း (၈၉၇) ဝိုင်း၊ နည်းပြ (၈၉၇) ဦး၊ ကြီးကြပ် (၉၀) ဦး၊ စာသင်သား (၁၃၄၅၀) ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)