ချောင်းဆုံ ဧပြီ ၃၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးငယ်များ ပညာတော်၍ ယဉ်ကျေးလိမ္မာသော လူတော်လူကောင်းများ ဖြစ်ပေါ်စေရန်အတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာနည်းပြသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ သင်တန်းဆင်းပွဲကို ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းက ချောင်းဆုံအနောက်ရပ်ကွက် သာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲအခမ်းအနားကို တက်ရောက်လာသူများမှ နမောတဿ(၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့ မြစေတီရဲကျောင်းဆရာတော် ဦးဝိမလဗုဒ္ဓိနှင့် ချောင်းဆုံမြို့နယ် ကညှော်တိုက်ကျောင်းဆရာတော်တို့ထံမှ ဩဝါဒခံယူကာ မွန်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဥက္ကဋ္ဌ)က ဆောင်ရွက်နေသည့် ကိစ္စရပ်များတင်ပြလျောက်ထားပြီးနောက် သင်တန်းဖွင့်လှစ်ပေးခဲ့သည့်အတွက် သင်တန်းသား(၁)ဦးမှ ဝမ်းမြောက်စကားပြောကြားသည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၁၁)ကျောင်းမှ ဆရာ၊ ဆရာမ(၁၁၁)ဦးတက်ရောက်ခဲ့ကြပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်း သင်တန်းနည်းပြ(၄)ဦးတို့မှ ဧပြီလ(၂၇)ရက်နေ့မှ(၂၉)အထိ (၃)ရက်ကြာဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)